ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာ့အရေးကိစ္စရပ်တွေကို ပြည်သူရွေးချယ်ပေးထားတဲ့ တရားဝင်အဖွဲ့အစည်းတွေနဲ့ သာ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တိုက်တွန်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာ့အရေးကိစ္စရပ်တွေကို ပြည်သူရွေးချယ်ပေးထားတဲ့ တရားဝင်အဖွဲ့အစည်းတွေနဲ့ သာ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တိုက်တွန်း
ဇန်နဝါရီ ၇ ၊ ၂၀၂၂

အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာ့အရေးကိစ္စရပ် တွေနဲ့ ပတ်သက်လာရင် ပြည်သူတွေက ဆန္ဒမဲပေး ရွေးချယ်ထားတဲ့ တရားဝင်အဖွဲ့အစည်းတွေသာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အရေးကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီးတော့ မြန်မာပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ထားတဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ပြည်သူလူထုက အပ်နှင်းထားတဲ့ အခွင့်အာ ဏာကို ကျင့်သုံးနေတဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တာကြောင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောနဲ့အညီ ရပ်တည်ဆောင်ရွက်သွား မှာ ဖြစ်တဲ့အကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်” လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမယ့် ဟွန်ဆန်အနေနဲ့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့အတွက်ကြောင့် မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်နေမှုတွေကို လေးစားလိုက်နာဖို့အတွက်လည်း CRPH က တိုက်တွန်းထားတာ တွေ့ရပါတယ်။

အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီထားတဲ့ အချက် ၅ ချက်အပေါ်မှာ လုံးဝပူးပေါင်းဆောင်ရွက်တာမရှိသေးတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ မြန်မာပြည်သူတွေအနေနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို အလွန်ဒေါသ ထွက်နေကြောင်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ တည်ရှိပြီးတဲ့ ဆက်ဆံရေးကောင်းတွေနဲ့တည်ဆောက်ထားတဲ့ နှစ်နိုင် ငံ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း ဟွန်ဆန်အနေနဲ့ ထိန်းသိမ်းဖို့ CRPH က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ပြဿနာတွေက အကြမ်းဖမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့် ဖြစ်ခဲ့ရတာဖြစ်ပြီး တော့ မြန်မာပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းပါတွေကို တွေ့ဆုံ ဆွေးနွေးရမှာ မဟုတ်ဘဲ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ထားရမှာလို့ ဆိုထားပါတယ်။ အကယ်၍ တွေ့ဆုံဆွေးနွေးခဲ့ရင်လည်း မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်တဲ့ ဆွေးနွေးမှုသာဖြစ်မယ်လို့လည်း ထုတ်ပြန်ကြေညာချက်ထဲမှာ CRPH က ဖော်ပြထားတာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.