ကနီမြို့နယ်သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြ
နိုဝင်ဘာ ၂ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြချီတက်မှာကို ဒီနေ့မှာ ပြုလုပ် ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့” ၊ “သမဂ္ဂါ နံ တပေါသုခေါ စည်းလုံးညီညွတ်ခြင်းသည် ချမ်းသာကိုဆောင်၏” ၊ “ကနီမြို့နယ်သပိတ်စစ်ကြောင်း” ၊ “၅/ကနန လူထုသပိတ်” စာသားတွေ ကိုင်ဆောင်ပြီး ချီတက်လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
အဲဒီနောက် သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန်ကျင်ရေး တရားတွေ ဟောပြောခဲ့ကြပြီး ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင်လူကျောင်းသားမိဘပြည်သူတွေကို အလေးပြုတာ၊ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုတာ ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။