ကနီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကျရှုံးရေး လူထုသပိတ်ပြုလုပ်
ဇူလိုင် ၆ ၊ ၂၀၂၂
ကနီမြို့နယ်ရဲ့ ကျေးရွာတစ်ရွာမှာ တော်လှန်ပြည်သူတွေစုပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး လူထုသပိတ်ကို ဒီနေ့မှာ ပြု လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဆန္ဒပြ ပြည်သူတွေက ‘၅/ ကနန လူထုသပိတ်’ ဆိုတဲ့ စာသားကို ကိုင်ဆွဲထားကြတဲ့အပြင် ‘အားတင်းရှေ့ဆက် ပြည်သူ့အတွက် ကနီ PDF’ ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြ ချီတက်ခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။