ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မလိယန်ဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မလိယန်ဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများ

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မလိယန်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တို့ ယနေ့ ဖေဖော်ဝါရီ ၁၅ရက်မနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြပါတယ်။

KIA တပ်မဟာ(၁)၊ တပ်ရင်း(၁၀) နယ်မြေ မလိယန်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အင်အား၁၂ ယောက်လောက်ပါ အဖွဲ့က ဆွမ်ပရာဘွမ်ဘက်ကို စားနပ်ရိက္ခာလာယူချိန် KIAနဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ခဲ့ တာလို့ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။

KIAနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသမှာလည်း ဒီကနေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆)နယ်မြေ ထဲကို အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ရေး လှုပ်ရှားလာတာကြောင့် ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၁နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာအနီးဝန်ကျင်ကို မုန်းကိုးဗျူးဟာကုန်းမှာရှိတဲ့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KIA အနေနဲ့ ဖေဖော်ဝါရီလဆန်း ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း၊ ရဲ့စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.