ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက မွေးနေ့ဆုတောင်းလွှာပေးပို့

ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက မွေးနေ့ဆုတောင်းလွှာပေးပို့
ဇန်နဝါရီ ၅၊ ၂၀၂၂

ဒီနေ့မှာ ကျရောက်တဲ့ ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ -၁ ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ရဲ့ အသက် ၆၀ ပြည့်မွေးနေ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကက မွေးနေ့ဆုတောင်းလွှာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

မွေးနေ့ဆုတောင်းလွှာထဲမှာတော့ “၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်လွတ်လပ်ရေး ကောင်စီ (KIC) ဒုဥက္ကဌ-၁ ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပြည်သူ့အကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်။” လို့ ဖော်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် (စနေနေ့) ညနေ ၇ နာရီအချိန်မှာ အဖ ဦးဆွမ်လွတ်တူး၊ အမိ ဒေါ်ဂျီစောလွီ တို့က မွေးဖွားခဲ့တာပါ။ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံမှာ မွေးဖွားခဲ့တာ လည်းဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ မြန်မာနာမည်က ဦးတင်စိုးဖြစ်ပြီးတော့ အဲဒီ (ဦး)မောင်တင်စိုးအမည် ကို အောင်နန်းရိပ်သာရပ်မှာနေတဲ့ အဖွားဒေါ်ကောက်(ခေါင်းကိုဖခင် ဦးစံလှ၏မိခင်)က ပေးထားတာဖြစ်တယ် လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၂၀၁၉ ခုနှစ်မှာ ပြောကြားထားခဲ့ဖူးပါတယ်။

အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁မှာ အာဏာသိမ်းပြီးချိန် ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြစဉ်အခါကလည်း အကြမ်းဖက်စစ်ကောင်စီကို ပစ်မိန့်မပေးဖို့အတွက် ဖေဖော်ဝါရီ ၈ ရက်ကတည်းက တောင်းဆိုခဲ့သူပါ။

အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်တွေ ရောင်းချတဲ့အခါမှာလည်း ငွေကြေးစီးဆင်းမှု လွယ်ကူစေ ဖို့အတွက် KPICT (Kachin Political Interim Coordination Team) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပူးပေါင်းစေပြီး KPICT ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ငွေတိုက်စာချုပ် ငွေကြေးစီးဆင်းမှုကို အကူအညီတွေလည်းပေးခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်ခဲ့သူတစ်ဦးဖြစ်ပြီးတော့ တော်လှန်ရေးလူငယ် တွေ၊ CDM သမားတွေအတွက် အကူအညီကောင်းတွေကို ပေးအပ်ကူညီခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လူမူကွန်ရက်စာမျက်နှာတွေမှာလည်း တိုင်းရင်သားပေါင်းစုံက ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို မွေးနေ့ဆုမွန်ကောင်းတွေ တောင်းထားပေးတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.